ANA လေကြောင်းလိုင်း တိုကျို- ရန်ကုန် တိုက်ရိုက်ပြေးဆွဲ ဂျပန်နိုင်ငံ တိုကျိုမှ မြန်မာနိုင်ငံ
ရန်ကုန်မြို့သို့All Nippon AirlingANA လေကြောင်း
လိုင်းဟာ ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်နေ့ ညနေမှ စတင်ကာ တိုက်ရိုက်ပြေးဆွဲမှုစတင်ခဲ့
ပါတယ်။ ...ပျံသန်းချိန် ၆ နာရီကျော် ကြာမြင့်တဲ့ တိုကျို-ရန်ကုန် လေကြောင်းခရီးစဉ်အတွက်တပတ်
မှာ တနင်္လာ၊ ဗုဒ္ဓဟူး၊ စနေ ၃ ရက်မှာ အသွားအပြန် တကြောင်းစီကို ဘိုရင်း၇၃၇ဂျက်လေယာဉ်တွေနဲ့
ပျံသန်းဖို့ ရှိပါတယ်။ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၀-ခုနှစ်

အထိတော့ ဂျပန်နိုင်ငံ အိုဆာကာ-ရန်ကုန်မြို့တို့ကို
တိုက်ရိုက်ပြေးဆွဲခဲ့ ဖူးပြီး အခုခရီးစဉ်ကိုတော့ ပြီးခဲ့တဲ့ သမ္မတ
ဦးသိန်းစိန်ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်က စတင်ပြောဆိုဆွေးနွေးမှု လုပ်ခဲ့တာလို့
သိရပါတယ်။ မနေ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာတော့ တိုကျို
ကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ ခရီးစဉ်ကို အခမ်းအနားနဲ့စတင်ဖွင့်လှစ်လိုက်တယ်လို့ နိုင်ငံပိုင်သတင်းစာ
ကလည်း ဆိုပါတယ်။ (မူရင်းသတင်း---- ဧရာဝတီသတင်း)